မေ့ပစ်ဖို့ကြိုးစားနေလို့ သတိတွေမပေးတော့ဘူး
နှုတ်ဆက်ဖို့အရေးမပါမိလို့ မမျှော်လင့်နေတော့ဘူး
နေတတ်သင့်သလောက်နေတတ်နေဖို့
ငါ့မနေ့က စိတ်တွေကို ဒီနေ့ခေါ်မလာခဲ့ဘူး……
Who am I ? ဆိုတဲ့အဖြေ ငါမသိသေးပါဘူး
ဒါပေမဲ့ What is my position? ဆိုတာတော့
မျှော်လင့်ထားသလိုပဲ သိလိုက်ရတယ်
ဒါပေမဲ့ မနေ့ကတော့ ခံနိုင်ရည်တွေ ပျောက်ဆုံးသွားသေးတယ်…..
ဒဏ္ဍာရီတွေထဲကလို ငါ့မျက်ရည်တွေမခမ်းသေးပေမဲ့
ငါ တညလုံးအကြာကြီး မျက်ရည်ကျဖူးခဲ့ပြီ
ဘယ်တော့မှ နားလည်ခြင်းမခံရမဲ့ ငါ့စိတ်တွေကို
နားလည်နေကြတဲ့ပုံစံဖြစ်ဖို့ ကြိုးစားနေပေးမယ်…..
နေမြင့်ရင် အရူးရင့်တယ်လို့ လူတွေပြောလေ့ရှိကြသလို
သန်းခေါင်ယံတွေဟာ ငါ့အတွက်မွန်းတည့်ချိန်တွေပဲလား
တခြားသူတွေလို ဂစ်တာသံနဲ့ချော့သိပ်ကြသလို
ငါ့မျက်ရည်တွေကလည်း ညတိုင်းတာဝန်မှ မပျက်ခဲ့တာပဲ…..
မေ့ပစ်ခံနေရပေမဲ့ ငါမမေ့ပစ်နိုင်ပါဘူး
နှုတ်ဆက်မသွားပေမဲ့ ငါလက်ပြနေရစ်ခဲ့ပါတယ်
နေတတ်သင့်သလောက်နေတတ်ဖို့တော့
ဒီနေ့လိုနေမျိုးတွေ မျက်ရည်တွေနဲ့အများကြီးလိုအပ်ဦးမယ်………
Subscribe to:
Post Comments (Atom)
No comments:
Post a Comment