Friday, January 29, 2010

I can't stand Anymore!!!!

မှားရင်းယွင်းရင်းနဲ့ အမှားအယွင်းတွေ လုပ်နေမိနေတယ်
နောင်တဆိုတာကို မုန်းမုန်းကြီးနဲ့ သိမ်းထားနေရတုန်းပဲ
ပျော်နေတဲ့တချို့သူတွေကိုကြည့်ရင်း ကျဆုံးနေရတာပဲ
တခါတလေ မထူးမဲ့ဇာတ်ကိုလည်း ဆက်ရေးနေချင်မိသေးပေမဲ့
ဒီထက် ပိုဝေးမှာကြောက်လို့ ဒီနေရာမှာရပ်နေမိခဲ့တော့တာပဲ………….

ဒီနေ့ မျိုသိပ်နေရတဲ့ဘ၀ကို သဘောကျတယ်
မနက်ဖန် ငါ့စိတ်ထဲကဆန္ဒတွေကို သိစေချင်နေပြန်ရော
ငါ့ရင်ထဲမှာတစ်နေရာရာလစ်ဟာသွားသလိုပဲ
တခါတလေ ဘာရှာလို့ရှာနေမှန်းမသိဘူး
ငါဘာပျောက်ဆုံးသွားခဲ့တာလဲ…………

အမှန်ကတော့ ရှိနေတာကိုတန်ဖိုးမထားတတ်
ပျောက်ကွယ်သွားမှာကို နှမြောနေတတ်ပြန်ရော
အနိုင်ရတာတွေများလာရင် အရှုံးပေးတတ်ချင်တယ်တဲ့
လူတွေဖြစ်တတ်တဲ့ သဘာဝဆိုတာက ခက်သားပဲလား
အခု ငါအနိုင်ပြန်လိုချင်နေပြန်ပြီ………..

ဗီးနပ်စ်က သောကြာဂြိုလ်ကိုစိုးမိုးတယ်တဲ့
ငါ့ရဲ့ ငွေရောင်ဗီးနပ်စ်တိုင်းကျပြန်တော့လည်း ခပ်မှိုင်းမှိုင်းချည်းပဲ
ခပ်ဝါးဝါး လရောင်အောက်က ညသန်းခေါင်ကြောင့်လား
ခပ်မွဲမွဲကြည့်မကောင်းတဲ့ငါ့မျက်လုံးတွေကြောင့်လား
ခပ်ပြုံးပြုံးပါးပြင်ထက် မျက်ရည်တွေကြောင့်လား…

No comments:

Post a Comment