Sunday, February 28, 2010

နင့်အတွက်တော့.....

မာယာပြည့်နှက် လမ်းမထက်က
ငါ့အသက်ရှူသံတွေ ကြားလေတိုင်း
နင်ပြောဖူးတဲ့ ခပ်ကြမ်းကြမ်း စကားသံများကို
ငါ့နှလုံးသား မမှုခဲ့ဘူးဆိုတာ သတိရပေးပါ....

အချိုသာဆုံး ချစ်ပြတတ်တဲ့
နင့်နှုတ်ခမ်းထက်က စကားလုံးတွေကို
ငါခပ်ပြုံးပြုံးလေး မသိသလိုကျေနပ်မနေ၀ံ့တော့တာ
နင်ကြိုသိနှင့်ပါစေ....

မကြာမကြာ ပျောက်ကွယ်တတ်တဲ့
နင့်စိတ်အာရုံတွေထဲက ငါဆိုတာကလေ
နင့်ချစ်ခြင်းတွေကို စွန့်လွတ်ပေးလိုက်ရသလို
ငါ့အပြုံးတွေပါ အဆစ်ထဲ့ထဲ့ပေးနေရဆဲပါပဲ.....

အရှုံးဆိုတာကို မုန်းတီးတတ်လာခဲ့လည်း
ငါကိုယ်တိုင် နင့်အတွက်ရှုံးနှိမ်နေတတ်တဲ့အဖြစ်ကတော့
နင့်ကိုဆက်ချစ်နေဦးမဲ့ ငါ့ကိုပြောင်းလဲခွင့်မပေးတဲ့
ဆက်လွမ်းနေလေဦးဆိုတဲ့ အမိန့်နဲ့ ၀ိဥာဉ်မလေးဖြစ်ခွင့်ပါပဲ....။ ဗ