တစ်ဖက်သတ်ချစ်ခြင်းမျိုး မဟုတ်ခဲ့ပေမဲ့
တစ်ဦးတည်းချစ်ခြင်း ဖြစ်ဖြစ်သွားလို့
နှစ်ဦးသားချစ်ခြင်းတွေကြားထဲ
မျက်ရည်ကအသက်ဆက်ပေးခဲ့ရတယ်...
တခါတရံနင်ပြောတဲ့အချစ်ဆိုတာက
ငါ့ကိုလောင်မြိုက်စေတဲ့မီးစတစ်စဖြစ်ရုံသက်သက်
တချိန်ချိန်ရောက်တိုင်း နေရစ်ခဲ့နေရလည်းပဲ
အမှတ်မရှိစောင့်စားခြင်းတွေ ငါ့အတွက်ရှိနေဆဲပဲ…
မာနဓားသွားဆိုတာလည်း တုံးအလို့
ခံနိုင်ရည်တွေလည်း ပြိုပျက်ပြီး
စိုးရိမ်စိတ်အပြည့်နဲ့ ဝေးရမှာသိပ်ကြောက်တဲ့ ငါ
ခပ်ယဲ့ယဲ့နဲ့ဘဲ နင့်ဘေးနားမှာရှိနေဆဲပါပဲ…
မျက်ရည်ဆိုတာကို သိပ်မုန်းတဲ့နင်
နင်နဲ့ပတ်သတ်ရင် မျက်ရည်သိပ်လွယ်တဲ့ငါ
ဒီနှစ်ဦးကြားက ကွာဟချက် တချို့
ညှိယူရင်း ငါဆက်ငိုကြွေးနေရဦးမှာပါပဲ…
လိုက်လျောမှုကင်းတဲ့ နင့်ရဲ့ချစ်ခြင်းတိုင်းပြည်မှာ
ငါ့အချစ်တွေက အလျော့ပေးသည်းခံခြင်းမြို့ပျက်ဖြစ်လို့
နာကျင်ခြင်း ဝေဒနာတွေပေးနေပေမဲ့လည်း
ဝေးကွာခြင်းတွေမနီးစပ်စေဖို့ကြိုးစားနေခဲ့ရတယ်...
စကားလုံးတိုင်းရဲ့ တန်ဖိုးကကျဆင်းလာတော့
ပြောရသူ အင်အားလည်းတဖြည်းဖြည်းယုတ်လျော့
တချိန်က မာနဆိုတာကလည်းပဲ အပေါစားဆန်ဆန်
ဟားတိုက်သူထံက ဒီတခါတော့ခွင့်ပြုနော် ဆိုတာပဲထပ်ကြားရပြန်ပြီ။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment