Friday, January 29, 2010

အဝေးရောက်သူ

နေ့စွဲတွေ မသေချာပေမဲ့
ရင်ခုန်သံတွေတော့ ကျမ်းကျိန်ဝံ့ပါတရ်
မာယာဆိုတာ မြူတစ်စလေမှမပါဝင်ခဲ့ဘဲ
ကြောက်ရွံ့စွာ ဆုံဆည်းခဲ့ပါသည်......။

"သူ"ဆိုတဲ့ဝေါဟာရနဲ့ အနူးညံ့ဆုံးသုံးပြီး
သီးခြားဆက်သွယ်မှုလေးဆီမှ လှုပ်ခတ်သံအား
မသိစိတ်ရော အသိစိတ်ရော မသိအောင်
စောင့်မျှော်မှန်းမသိ စောင့်မျှော်နေခဲ့ပါသည်....။

အချိန်ဆိုတာ ပညတ်ချက်တစ်ခုဆိုခဲ့ပါလျှင်
အဲဒီ ပညတ်ချက်အားလိုက်နာစေလို၍
ပညတ်ချက်အတွင်း၌သာ နေပေးရန်တောင်းဆိုခဲ့သောကြောင့်
နေနေပါ့မယ်လို့ ကတိပြုခဲ့ပါသည်....။

မိုင်ပေါင်းရာချီ ဝေးကွာမှုအပေါ်၌
မိုင်ပေါင်းကုဋေချီဝေးကွာမှုမျိုး မဟုတ်သေးလို့
နီးနီးလေးပါလို့ ပြောဆိုသတ်မှတ်ကြရင်းကပဲ
ဝေးလို့ဝေးမှန်းမသိ ဝေးသွားခဲ့ပါသည်....။

No comments:

Post a Comment